Wednesday, December 15, 2010
ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ
ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- www.rfa.org/burmese )
15 December 2010
သျှမ်းတေးသံရှင် ဆခဟဟာ တော်လှန်ရေးသမား တယောက်ဖြစ်သလို လက်ရှိမှာ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလဲဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်စုလွတ်လပ်မှုသင်္ကေတ ဆိုတဲ့သီချင်းကို ဒီရက်ပိုင်းမှာ RFA ကနေ မကြာခဏ ထုတ်လွှင့် ပေးတာ သောတရှင်များ မှတ်မိကြမှာပါ။
ဒေါ်စုအတွက် သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းက ဒီလိုပါ။
Monday, December 13, 2010
ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2010-12-12
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက် မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထားရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။ စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက် စိမ်ခေါ်တာ၊ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊ စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”
Thursday, December 9, 2010
ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို
ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင်လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ခေါင်းဆောင်တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။
Friday, November 26, 2010
ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်
စက်တင်ဘာ ၁၆ ရက်က NLD ဒု ဥက္ကဌ ဦးတင်ဦး အိမ်၌ ကျင်းပသော CRPP ၁၂ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသည့် CRPP အဖွဲ့ဝင်များ (ဓာတ်ပုံ - myatlayngon.blogspot.com)
26 November 2010
ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။
Sunday, November 21, 2010
ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်
ဓာတ်ပုံ ASSOCIATED PRESS
သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)
ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင် တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့  ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်
မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြပါတယ်။
ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။
Wednesday, November 17, 2010
တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး
2010-11-16
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။
“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ် တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်း ကလည်း ခုလိုပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့  ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော  တွေ့ရတဲ့အခါကျ ကျွန်တော်တို့  တော်တော်လေးကို အားရပါတယ်။”
အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Copy from _ rfa.org/
Tuesday, November 16, 2010
ဒေါ်အောင်ဆန်းစုကြည် ကလေးမြို့  ဆုံးဖြတ်ချက် ကြေညာချက် အပေါ်ထောက်ခံကြောင် အင်တာဗျူးတွင် ပြောဆို။
အသံနားဆင်ရန်
Tuesday, November 9, 2010
SYCB and NY-Forum Joint Statement for Kalay Declaration_28-10-2010___ -
statement-of-ebc-on-kalay-declaration -
.
ကလေးမြို့ကြေညာစာတမ်း ဖြန့်ချီရေးအတွက် မီဒီယာကွန်ယက် တွင် တစ်ဦးချင်းအနေနှင့် မည်သူမဆို စေတနာ့ဝန်ထမ်း ပေးဆပ် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်
         ဇိုမီး အမျိုးသားကွန်ကရက် Zomi National Congress ပါတီသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ် နှစ်နေရာတွင် ပူကျင်ရှန်းထန် နှင့် ပူထန်လျန်းပေါင် တို့က အနိုင်ရခဲ့ပါသည်။
          ZNC ပါတီသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ ချုပ်  United Nationalities for Democracy ပါတီ ထူထောင်ရာ၌လည်း ပါဝင်ပါသည်။ UNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy တို့ ပူးပေါင်းထုတ်ပြန်သော ဗိုလ်အောင်ကျော် ကြေညာစာတမ်း ဖြစ်ပေါ်ရေးအတွက် ZNC လည်းပါဝင်ခဲ့ပါသည်။
          ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်များက အကောင်အထည်မဖေါ်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် NLD ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီမှ ခေါင်းဆောင်များက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကောမတီ CRPP ကို ဖွဲ့စည်းခဲ့ပါသည်။ Pu Cin Sian Thang (ZNC) နှင့် Pu Thawng  Kho Thang (UNLD) တို့သည် CRPP အဖွဲ့ဝင်များဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ ဖြစ်ပါသည်။
          ဇိုမီး အမျိုးသားကွန်ကရက်၏ ၂၂ နှစ်မြောက် အခမ်းအနားတွင်လည်း ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများကို  ဖြေရှင်းရာတွင် အရေးကြီးသော နိုင်ငံရေး ရပ်တည်ချက် ကြေညာစာတမ်းကို ရဲရင့်ပြတ်သားစွာ ထုတ်ပြန်လိုက်ကြပါသည်။ ဤကြေညာစာတမ်းသည်  ZNC ပါတီတစ်ခုတည်းနှင့် သက်ဆိုင်သော ကိစ္စမဟုတ်ပါ။ CRPP အဖွဲ့ဝင်များ၊ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အသီးသီး၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၊ ကျောင်းသားခေါင်းဆောင်များ၊ရဟန်းရှင်လူများ၏ဆန္ဒများကိုပူးပေါင်းဖော်ထုတ်သော ကြေညာ စာတမ်း ဖြစ်ပါသည်။
     ဤကြေညာစာတမ်းသည် မြန်မာနိုင်ငံသားတိုင်း သိသင့်သော ကြေညာစာတမ်းဖြစ်သည်ကို ကျွန်ုပ်တို့ခံစားမိကြပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုကို အပြည့်အ၀ ရရှိနေသည်ကို တွေ့ရပါသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓာတ် ဖြင့်သာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသားများအတွက် ကျွန်ုပ်တို့ ဘလောက်ကာများနှင့် မီဒီယာလှုပ်ရှားမှုကို စိတ်ဝင်စားသူ တချို့မှ ဤကလေးမြို့ကြေညာစာတမ်းကို ကျယ်ပြန့်စွာပျံ့နှံ့ နိုင်ရေးအတွက် မိမိတို့  တဦချင်းဆန္ဒအရ ဤမီဒီယာကိုစုပေါင်း ပြုလုပ်ရခြင်းဖြစ်ပါသည်။ စိတ်ဝင် စားသောသူ အယောက်စီတိုင်း ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
    ကလေးမြို့ကြေညာစာတမ်း ဖြန့်ချီရေးအတွက် မီဒီယာကွန်ယက်တွင် တစ်ဦးချင်းအနေနှင့် မည်သူမဆို စေတနာ့ဝန်ထမ်း ပေးဆပ်ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
                    Contact; mediagroupjp@gmail.com
Moe Min Thu (KNU-Japan)
Lwin Than Da (KNU-Japan)
Cing Hau Lun (CNC-Japan)
Salai Myo Htet (CNC-Japan)
Lian Khan Sum (CNC-Japan)
Salai Kyaw Thein Aung
Moe Kyaw Thu
Kee Bawi Ling
Peter Lin
Thursday, November 4, 2010
ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်။ 
(ဦးဝင်းတင်နဲ့ မေးခွန်းများ)
ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၄၊ ၂၀၁၀
ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်ကြမှာလဲ
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။
တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။  အဲဒါကို ဆက်လက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေအနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင်အထည်ဖော်သွားဖို့ ဖြစ်လာရတာဖြစ်တယ်။
ဆွေးနွေးရမယ့် အရေးကိစ္စတွေက ဘာတွေဖြစ်နိုင်မလဲ