Saturday, January 22, 2011

Network for Democracy in Burma ( Japan )-NDB ( JAPAN )
မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ယက်(ဂျပန်)
 
(၂၁)ရာစုပင်လုံညီလာခံကိုထောက်ခံဆွေးနွေးပွဲဖိတ်ကြားခြင်း
နေ့ ရက်-၂၃-၀၁-၂၀၁၁
နေရာ-ရှင်ဂျုကုရီဆိုင်ကယ်စင်တာ(တာကာဒါနိုဘဘ)
အချိန်-နံနက်(၉း၃၀)မှ ညနေ(၀၅း၀၀)နာရီအထိ
           အထက်ပါအစီအစဉ်အတိုင်း အခမ်းအနားကျင်းပမည်
ဖြစ်ပါသောကြောင့် လေးစားစွာဖိတ်ကြားအပ်ပါသည်ခင်ဗျား
 
(ပြန်ကြားရေး)
၂၂-၀၁-၂၀၁၁

Friday, January 7, 2011

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်

07 ဇန်နဝါရီ 2011

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်မှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင်အကောင်အထည် ဖော်ဖို့ ဒီကနေ့ NLD ရုံးချုပ်မှာ  ပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကလေးမြို့မှာ NLD အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။