Friday, November 26, 2010

ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်

စက်တင်ဘာ ၁၆ ရက်က NLD ဒု ဥက္ကဌ ဦးတင်ဦး အိမ်၌ ကျင်းပသော CRPP ၁၂ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသည့် CRPP အဖွဲ့ဝင်များ (ဓာတ်ပုံ - myatlayngon.blogspot.com)
26 November 2010

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။

Sunday, November 21, 2010

ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်

ဓာတ်ပုံ ASSOCIATED PRESS
သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)

ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ကျင်းပရေးတာဝန်ကို မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင် တွေက ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီကနေ့ တာဝန်လွှဲအပ် လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီလို တာဝန်လွှဲပြောင်းပေးအပ်တာကို လက်ခံလိုက်ပြီး အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် ပန်ကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီလို ဒုတိယပင်လုံညီလာခံ ဖြစ်မြောက် အကောင်အထည်ဖော်ရေး တာဝန်ကို ၀ါရင့်နိုင်ငံရေးသမား သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်က ကျင်းပတဲ့ သက်ကြီးနိုင်ငံရေးသမားကြီးတွေကို ပူဇော်တဲ့ပွဲမှာ လွှဲအပ်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုယ်တိုင် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သူ ဇိုမီး အမျိုးသားများ ကွန်ဂရက်ရဲ့  ဥက္ကဌ ပူးကျင်ရှင်းထန်က အခုလို ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်


မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြပါတယ်။

ဒီပွဲကို ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။

Wednesday, November 17, 2010

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး

2010-11-16
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။

“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ် တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်း ကလည်း ခုလိုပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့  ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော  တွေ့ရတဲ့အခါကျ ကျွန်တော်တို့  တော်တော်လေးကို အားရပါတယ်။”

အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Copy from _ rfa.org/

Tuesday, November 16, 2010

ဒေါ်အောင်ဆန်းစုကြည် ကလေးမြို့  ဆုံးဖြတ်ချက် ကြေညာချက် အပေါ်ထောက်ခံကြောင် အင်တာဗျူးတွင် ပြောဆို။

အသံနားဆင်ရန်

Tuesday, November 9, 2010


SYCB and NY-Forum Joint Statement for Kalay Declaration_28-10-2010___ -

statement-of-ebc-on-kalay-declaration -